ငပုတောမြို့နယ် Quarantine Camp တစ်ခုတွင် ကျူးကျော် ဝင်ရောက်လာသူ တစ်ဦးက တာဝန်အရ တားမြစ်သူတစ်ဦးကို ကတ်ကြေးဖြင့် ထိုးမှုဖြစ်ပွား
ငပုတောမြို့နယ် စဉ့်အိုးဖို အခြေခံပညာ မူလတန်းကျောင်း Quarantine Camp ၌ မေ ၃ ရက် နံနက် ၈ နာရီခန့်တွင် Quarantine Camp အတွင်း ဝင်ရောက်သည်ကို တားမြစ်သည်ဟုဆိုကာ အမျိုးသားတစ်ဦးက တာဝန်ကျနေသော ကျောင်းအထွေထွေလုပ်သားအား အသင့်ပါလာသည့် ကတ်ကြေးဖြင့် ထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အဆိုပါနေ့တွင် စဉ့်အိုးဖို အခြေခံပညာမူလတန်းကျောင်း Quarantine Camp နေရာတွင် ကျောင်းလုပ်သားဖြစ်သူ ဦးရန်နိုင်စိုး ခေါ် ဦးမဲကြီးမှာ အခြားသော တာဝန်ကျနေသူ သုံးဦးနှင့်အတူ Quarantine Camp အတွင်းရှိ ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ရန် စောင့်ကြည့်နေရသူများကို စောင့်ဆိုင်းလျက်ရှိစဉ် အဆိုပါကျောင်းအနီး နေထိုင်လျက်ရှိသော ဦးအောင်လွင် ခေါ် ဦးမင်းမင်း ဆိုCamp နေရာသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းကဲ့သို့ ဝင်ရောက်လာပြီးနောက် Quarantine Camp အတွင်း ကျန်းမာရေးအရ စောင့်ကြည့်မှု ခံယူလျက်ရှိသည့်သူများနှင့် အနီးကပ်စကားပြောရန် ကြိုးစားခဲ့ကြောင်း၊ ထိုသို့ ကြိုးစားမှုကို တာဝန်ကျနေသည့်အဖွဲ့မှ ဦးရန်နိုင်စိုးက တားမြစ်ခဲ့သည်ကို ဦးမင်းမင်းက အသင့်ပါလာသော ကတ်ကြေးဖြင့် ဦးရန်နိုင်စိုးအား ထိုးသွင်းခဲ့သောကြောင့် ဦးရန်နိုင်စိုးမှာ ငပုတော ပြည်...